![]() |
စဉ် | နေရာ | အကြောင်းအရာ |
---|---|---|
၁။ | ကမ္ဘာအေးဗုဒ္ဓသုတေသနစာကြည့်တိုက် (ရန်ကုန်) |
စာကြည့်တိုက်ရှိ ဗုဒ္ဓဘာသာဆိုင်ရာ မြန်မာ၊ အင်္ဂလိပ်စာအုပ်ပေါင်း(၈၆၀၀)ကျော် စာမျက်နှာအရေအတွက်အားဖြင့် (၃)သန်းကျော်အား Scan ဖတ်ပြီး e-book များကုသိုလ်ဖြစ်ပြုလုပ်ပေးခဲ့ခြင်း၊ e-Library ဖွင့်ပွဲအခမ်းအနားတက်ရောက်လာသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ပိဋကတ်သုံးပုံထည့်သွင်းထားသော Tablet အလုံး(၂၀၀)လှူဒါန်းခဲ့ခြင်း။ |
၂။ | ရွှေတိဂုံစေတီတော်ပြတိုက် e-Library |
ရွှေတိဂုံစေတီတော်ပြတိုက်တွင် e-Library ပြုလုပ်နိုင်ရန်အတွက် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော e-book ၈၀၀၀ကျော်နှင့် ၎င်းတို့ကို ရှာဖွေဖတ်ရှု့ရန်အတွက် Web Application ကိုထည့်သွင်း၍လှူဒါန်းခဲ့ခြင်း၊ Network ပိုင်းဆိုင်ရာနှင့် လိုအပ်သောနည်းပညာတို့ကို ကုသိုလ်ဖြစ်ကူညီခဲ့ခြင်း။ |
၃။ | သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) |
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် Digital Library ပြုလုပ်နိုင်ရန်အတွက် Desktop Computer (၄)လုံးတွင် e-book ၈၀၀၀ကျော်နှင့် ၎င်းတို့ကို ရှာဖွေဖတ်ရှု့ရန်အတွက် Web Application ထည့်သွင်း၍လှူါန်းခဲ့ခြင်း၊ တာဝန်ရှိသံဃာတော်များကိုလည်း e-book ရှာဖွေနည်းများ၊ စာအုပ် Scan ဖတ်နည်းများနှင့် e-book ပြုလုပ်နည်း စသည့်နည်းပညာများကိုလည်း လှူဒါန်းခဲ့ခြင်း၊ e-book ပြုလုပ် Scanner ဒါနပြုဌားရမ်းခဲ့ခြင်း။ |
၄။ | မဟာမြတ်မုနိဘုရားကြီး (မန္တလေး) |
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိသမိုင်းပန်းချီပြခန်းတွင် ထိန်းသိမ်းထားသော ရှေးဟောင်းပေ၊ ပုရိပိုဒ်များအား ရေရှေတည်တံ့စေရန်အတွက် Digital Format သို့ပြောင်းလဲရာတွင် Scanner ကိုဒါနပြုဌားရမ်းခဲ့ပြီး Scan ဖတ်နည်းတို့ကိုလည်း သင်ကြားပေးခဲ့ခြင်း။ |
၅။ | ၁၈မိုင်တောရ (ရန်ကုန်-အမြန်လမ်း) |
၁၈မိုင်တောရဆရာတော်ဒေါက်တာအရှင်စကြာဝဠာအား Laptop Computer (၁)လုံးတွင် e-book ၈၀၀၀ကျော်နှင့် ၎င်းတို့ကို ရှာဖွေဖတ်ရှု့ရန်အတွက် Web Application ထည့်သွင်း၍လှူါန်းခဲ့ခြင်း။ |
၆။ | ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) |
အောက်စဖို့စ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဓမ္မသာမိအတွက် Laptop Computer (၁)လုံး၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် Digital Library အတွက် Laptop Computer (၁)လုံး၊ Server (၁)လုံး၊ ၎င်း e-book များကို ရှာဖွေဖတ်ရှု့ရန်အတွက် Desktop Computer (၄)လုံးနှင့် စာအုပ်များကို Scan ပြုလုပ်ရန်နှင့် Edit ပြုလုပ်ရန် အတွက် Desktop Computer (၂)လုံးတို့ကိုလှူဒါန်းခဲ့ခြင်း၊ e-book ၈၀၀၀ကျော်နှင့် ၎င်းတို့ကို ရှာဖွေဖတ်ရှု့ရန်အတွက် Web Application ထည့်သွင်း၍လှူါန်းခဲ့ခြင်း၊ စာကြည့်တိုက်ရှိစာအုပ်များနှင့် ပုရပိုက်များကို Scan ပြုလုပ်ရန်အတွက် Scan ဖတ်နည်းကိုသင်ကြားပေးခဲ့ပြီး Scanner တစ်လုံးအားဌားရမ်းခဲ့ခြင်း။ (ဆောင်ရွက်ဆဲ) |
၇။ | နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) |
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ်ဆရာတော်အား Laptop Computer (၁)လုံး၊ စာကြည့်တိုက်အတွက် Laptop Computer (၁)လုံးတို့တွင် e-book ၈၀၀၀ကျော်နှင့် ၎င်းတို့ကို ရှာဖွေဖတ်ရှု့ရန်အတွက် Web Application ထည့်သွင်း၍လှူဒါန်းခဲ့ခြင်း၊ စာကြည့်တိုက်ရှိစာအုပ်များကို Scan ပြုလုပ်ရန်အတွက် Scan ဖတ်နည်းကိုသင်ကြားပေးခဲ့ပြီး Scanner တစ်လုံးအားဌားရမ်းခဲ့ခြင်း။ (ဆောင်ရွက်ဆဲ) |
၈။ | ရတနာမြင့်နိကာယ်ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) |
ရတနာမြင့်နိကာယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဦးပညာသာမိအား Laptop Computer (၁)လုံး၊ စာကြည့်တိုက်အတွက် Laptop Computer (၂)လုံးတို့တွင် e-book ၈၀၀၀ကျော်နှင့် ၎င်းတို့ကို ရှာဖွေဖတ်ရှု့ရန်အတွက် Web Application ထည့်သွင်း၍လှူဒါန်းခဲ့ခြင်း။ |
၉။ | မဟာစည်သာသနာ့ရိပ်သာ(ဗဟန်း၊ ရန်ကုန်) |
မဟာစည်သာသနာ့ရိပ်သာရှိစာအုပ်များအား Scan ဖတ်ပြီး e-book ပြုလုပ်ရန်အတွက်ဆောင်ရွက်လျှက်ရှိခြင်း။ (ဆောင်ရွက်ဆဲ) |
၁၀။ | နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) |
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ်ဆရာတော်အား e-book ၈၀၀၀ကျော်နှင့် ၎င်းတို့ကို ရှာဖွေဖတ်ရှု့ရန်အတွက် Web Application ထည့်သွင်းသော Laptop Computer (၁)လုံးလှူဒါန်းခဲ့ခြင်း။ |
၁၁။ | မဟာစည်သာသနာ့ရိပ်သာ(ဗဟန်း၊ ရန်ကုန်) |
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာတွင်ရှိသော ဗုဒ္ဓစာပေများနှင့် မဟာစည်ဆရာတော်ဘုရားကြီးရေးသာပြုစုခဲ့သော စာအုပ်များအား Scan ဖတ်ပြီး Digital Format သို့ပြောင်းလဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် Scanner စက်သွားရောက်တတ်ဆင်ပေးခဲ့ခြင်း။ |